top of page

My favorite poems of all time - Invictus

ဒီကဗျာ အကြောင်းပြောရမည်ဆိုလျှင် ပန်းဆိုးတန်းလမ်းဘေး စာအုပ်အဟောင်းတန်းအကြောင်းကချန်ထားလို့မရ။

ဒီကဗျာကို ကြိုက်သွားတုန်းက မှတ်မှတ်ရရ ကျွန်တော်ရန်ကုန်စရောက်တဲ့အချိန် ၂၀၀၇ တွင်ဖြစ်သည်။ ဒီစာအုပ်အဟောင်းတန်းလေးသည် တကယ်ကို ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သောနေရာလေးဖြစ်ခဲ့သည်။ သင်တန်းပြီးအားလပ်ချိန်ဆိုလျှင် သွားစရာမရှိ(မသွားတက်တာကပိုများသည်) သော ခြေထောက်များက ထိုနေရာလေးကိုသာလှမ်းလျှောက်မိနေကြ။ ဟိုတစ်ဆိုင်ဒီတစ်ဆိုင် ဟိုတစ်အုပ်ဒီတအုပ်ရှာဖတ်ကြည့်သည်။ တစ်ခါတလေ စိတ်ကြိုက်စာအုပ်တစ်အုပ်တွေ့လို့ဖတ်နေရင်းညနေစောင်းချိန်ထိရောက်သွားတက်သည်။ စာအုပ်ရောင်းသမားကလဲ ဘာမှမပြော။ ဒါမျိုးတွေကြတော့လည်း ထိုသူတို့၏ ဖောက်သည်ကို ဆက်ဆံမှု လေးစားစရာကောင်းလှသည်။ ဦးရွှေအောင်၏ ဘ၀အကျဉ်းသား၊ ဦးညီပု၏ ဒီဗလားရား စသောစာအုပ်များသည် ပန်းဆိုးတန်းစာအုပ်တန်းကျေးဇူးကြောင့် ဖတ်ခဲ့ရသော မှတ်မှတ်ရရစာအုပ်များဖြစ်သည်။

ဒီကဗျာကိုဖတ်ခဲ့ရသည့် စာအုပ်မှာ Henley's Book of Verses။ ထိုအချိန်က အင်္ဂလိပ်ကဗျာများမဖတ်မိသေး။ နားမှမလည်သည်ကိုး။ သို့သော် ကဗျာ၏ နောက်ဆုံးစာကြောင်းနှစ်ကြောင်းက ကျွန်တော့်ကို ဖတ်ဖြစ်အောင်ဆွဲဆောင်သွားခဲ့သည်။

ကဗျာဆရာဖြစ်တဲ့ Henley ကတော့ ၁၂ နှစ်သားအရွယ်ကတည်းက အရိုးတီဘီရဲ့သားကောင်အဖြစ်ရောက်ရှိခဲ့တယ်။ နောက်နှစ်အနည်းငယ်အကြာမှာတော့ တီဘီပိုးတွေဟာ ခြေထောက်တွေအထိပျံ့နှံ့ခဲ့တာကြောင့် ဆရာဝန်တွေကတော့ အကောင်းဆုံးအနေနဲ့ သူ့ခြေထောက်တွေကိုဒူးအောက်ပိုင်းကနေဖြတ်ပစ်ဖို့ အကြံဥာဏ်ပေးခဲ့တယ်။ သူတကယ် ခြေထောက်တစ်ဖတ် ဖျတ်ဖြစ်ခဲ့တော့ သူ့အသက် ၁၇ နှစ်။ သူဒီကဗျာကိုရေးတော့ ဆေးရုံကုတင်ပေါ်မှာ။ သူဟာခြေထောက်တဖတ်နဲ့ သူသေဆုံးချိန် အသက် ၅၃ နှစ်အထိ ကဗျာတွေကိုရေးသားခဲ့တယ်။

ရေးသားသူ - အင်္ဂလိပ်ကဗျာဆရာ William Ernest Henley (1849–1903)

ရေးသားသည့်ခုနှစ် - ၁၈၇၅ ခုနှစ်

ကဗျာအမျိုးအစား - အောင်ပွဲခံကဗျာ

"Invictus" by William Ernest Henley

Out of the night that covers me,

Black as the pit from pole to pole,

I thank whatever gods may be

For my unconquerable soul.

In the fell clutch of circumstance

I have not winced nor cried aloud.

Under the bludgeonings of chance

My head is bloody, but unbowed.

Beyond this place of wrath and tears

Looms but the Horror of the shade,

And yet the menace of the years

Finds and shall find me unafraid.

It matters not how strait the gate,

How charged with punishments the scroll,

I am the master of my fate:

I am the captain of my soul.

Featured Posts
Recent Posts
Search By Tags
Follow Us
No tags yet.
  • Facebook Classic
  • Twitter Classic
  • Google Classic
bottom of page