My dear son...
အမေအသက်ရှင်နေဆဲပဲရှိသေးတယ်ဆိုတာသားသိရအောင်စာလှမ်းရေးလိုက်တာပါ။
မင်းစာမြန်မြန်မဖတ်နိုင်မှန်းသိလို့ အမေဒီစာကိုဖြည်းဖြည်းပဲရေးလိုက်တယ်..
မင်းအိမ်ပြန်လာရင်ဘယ်အိမ်မှန်းသိမှာမဟုတ်ဘူး..အမေတို့ ပြောင်းသွားကြပြီ...
မင်းအဖေလား....အခုအလုပ်ကောင်းကောင်းတစ်ခုရနေပြီ..
သူ့ အောက်မှာလူ၅၀၀လောက်ရှိတယ်။သင်းချိုင်းမှာမြက်ရိပ်နေရတယ်လေ...။
အခုအမေတို့ အိမ်အသစ်မှာအ၀တ်လျှော်စက်တလုံးရှိတယ်..သိပ်တော့မကောင်းလှပါဘူး....
ပြီးခဲ့တဲ့အပတ်ကအမေအဲဒီထဲရှပ်အကျီ၁၄ထည် ထည့်တယ်..။
ပြီး သံကြိုးကိုဆွဲလိုက်တာအကျီတွေကိုအဲဒီထဲကပြန်မတွေ့ ရတော့ပါဘူး..။
သားအမမေရီလည်းဒီနေ့ မနက်ပဲကလေးမွေးတယ်..။
ဘာလေးလဲတော့အမေမသိသေးဘူး...။
အဲတော့မင်းအန်တီဖြစ်မလား။အန်ကယ်ဖြစ်မလားတော့အမေလည်းမပြောတတ်သေးဘူး..။
ပြီးတဲ့အပတ်ထဲမှာမင်း ဦးလေးလည်း တို့ မြို့ ကအရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲကျပြီးနစ်လို့ ။
သူ့ လုပ်ဖော်ကိုင်ဖက်တချို့ ကခုန်ဆင်းပြီးကယ်ကြသေးတယ်..။
ဒါပေမဲ့ သူကကယ်တဲ့သူအားလုံးကိုကောင်းကောင်းတွန်းလှန်နိုင်ခဲ့တယ်။
သူ့ ကို သဂြိုဟ်တော့ အဲဒိမီးကိုငြိမ်းရတာ၃ရက်ကြာတယ်...။
ပြီးတဲ့အပတ်ကမိုး၂ခါရွာတယ်...တခါက၃ရက်ကြာပြီး..တခါက၄ရက်ကြာတယ်..
လေတွေတိုက်လိုက်တာများကြက်မတစ်ကောင်ကဥ၁လုံးတည်းကို ၄ခါဥရတယ်။
အသုဘအလောင်းပြင်ဆင်ပေးတဲ့အိမ်ကစာတစ်စောင်မနေ့ ကရတယ်။
သူတို့ ကအမေတို့ ပေးစရာရှိတဲ့ကြွေးကျန်ကို ( ၇ ) ရက်အတွင်းမပေးရင်
မင်းဘွားအေကြီးကိုပြန်ထလာအောင်လုပ်လိုက်မယ်တဲ့...။
P.Sအမေသားအတွက် ပိုက်ဆံပို့ မလို့ ပဲ..။ ဒါပေမဲ့ စာအိတ်ကပိတ်ပြီးသွားပြီ..။
(Credit to Original Author)