Chicken curry
၁၊
မနက်...
ကျွန်တော် ဦးကျော်တို့ အိမ်ဘက်ရောက်သွားတယ်။
သူ့အိမ်မှာ ကြက်မကြီးက သားလေးတွေပေါက်ပြီးစ။ အတောင်ပံကားကားနဲ့ ကိုယ်မွှေးတွေ ဖွပြီး တကော်ကော် အော်မြည်နေတဲ့ ကြက်မကြီးရယ်၊ တပီပီ မြည်နေတဲ့ ကြက်ပေါက်ကလေးတွေရယ်ကို သူက ခါးထောက်ပြီး ပြုံးပြုံးကြီး ကြည့်နေတယ်။ အဲဒီအချိန်မှာ ခွေးတစ်ကောင်က ကြက်သားအုပ်မနားရောက်လာတယ်။ ကြက်မကြီးက အတောင် တဖြန်းဖြန်း ခပ်ပြီး အဲဒီခွေးကို သဲသဲမဲမဲ ခွပ်တယ်။ ဦးကျော်က ကျွန်တော့်ကို ကြည့်ပြီးပြောတယ်။
"အဲဒါ မိခင်မေတ္တာပဲကွ" တဲ့။
၂၊
နေ့လည်...
ဦးကျော်သမီး လေးဘက်သွားလေး ဘယ်လိုလုပ်ပြီ ကြက်သားအုပ်မကြီးနား ရောက်သွားလဲ မသိဘူး။ ကြက်သားအုပ်မကြီးက ခွပ်လိုက်တာ။ ခွမ်းခနဲ...ခွမ်းခနဲ။ ကျယ်လောင်တဲ့ ငိုသံတ၀ါးဝါး ထွက်လာတယ်။ ဦးကျော်ပြာသွားတယ်။ ကလေးမျက်စိတည့်တည့် ဒဏ်ရာရသွားတယ်။ တော်တောင်ပြင်းမယ့်ပုံပဲ။ တချို့ကလဲ အရပ်ထဲမှာ အမျိုးမျိုးပြောနေကြတယ်။
၃၊
ညနေ...
ကြက်မကြီးရဲ့ "ကတော်"သံ မကြားရတော့ဘူး။
ဦးကျော် အိမ်ဘက်က ကြက်သားဟင်းနံ့ ရတယ်။
ဦးကျော် ပြောသလို့ပဲ ကျွန်တော် ရေးလိုက်ပါတယ်။
မေတ္တာဘွဲ့ပဲ ဖြစ်မလား မသိဘူး။