Thanks my friends

အခု ရက်ပိုင်း နေမကောင်းဖြစ်နေတာနဲ့ ဘာမှကိုမယ်မယ်ရရ မလုပ်ဖြစ်။

နေသာသလို နေလိုက်။ နည်းနည်းသက်သာလာလိုက်။ နေမကောင်းပြန်ဖြစ်လိုက်နဲ့ တစ်ပတ်လောက် သံသရာလည်နေလေသည်။ စဖြစ်တုန်းတရက်တည်းနဲ့ ဆေးခန်း ၂ ခါ။ ညကျတော့ ဆေးခန်းအကြီးကြီးဖြစ်သော ဆေးရုံပေါ်ရောက်လေသည်။

အခုထိတော့ ဘာဖြစ်နေမှန်းတိတိကျကျမသိ။ Possibly, kidney stones လို့တော့ Nurse မကပြောသည်။ သူတို့ပြောတဲ့ special x-ray ရိုက်ဖို့က ၂ ပတ်စောင့်ရဦးမယ်။ မနက်ဖြန်တော့ ultrasound ရိုက်ရမည်ဆိုသည်။

ဆေးရုံးတစ်ညပဲတက်လိုက်တယ်။ လူနာလာကြည့်သော သကောင့်သား သူငယ်ချင်းများက ယူလာသည်က Black Label။ ဘာပြောပြော သည် Post လေးနဲ့ ၄င်းသူငယ်ချင်းအုပ်စုအား ကျေးဇူးအထူးတင်လေသည်။

#Thankyou #friends

Featured Posts
Recent Posts
Search By Tags
Follow Us
No tags yet.
  • Facebook Classic
  • Twitter Classic
  • Google Classic