An ordinary morning
လာတော့ "သူ့" အကြောင်းခေါင်းထဲ အရင်ဆုံးဝင်လာတော့ ကျွန်တော်ဆက်မလှဲနိုင်တော့ဘူး။ "သူ" ရှိမနေတော့။ ဒါနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ကော်ဖီတစ်ခွက် ဖျော်။ သတိရလိုက်တော့ ရပ်သောက်နေကျ ပြတင်းတံခါးနားရောက်နှင့်နေပြီ။ အိမ်အောက်နား စားသောက်ဆိုင်က ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ အသံတွေ ၊ ကျွန်တော် ကော်ဖီ သောက်သံ၊ မိုးသာလင်းနေတယ် … ကျွန်တော် စိတ်တွေမလင်းသေးဘူး။ ဒါနဲ့ ကော်ဖီ ခပ်ရင့်ရင့်ကို ဟောင်းနွမ်းနေတဲ့အစာအိမ်ထဲ လောင်းချပြီး အွန်လိုင်းတက်ကြည့်မိတယ်။ နောက်သတင်းဝက်ဆိုဒ်ဖွင့်မိတယ်။ ထူးမခြားနားလှတဲ့ ၂၁ ရာစုရဲ့တစ်ရက်ပဲဖြစ်မယ်ထင်တယ်။ ကျွန်တော်ကြိုက်တဲ့ သီချင်းမဖွင့်ချင်သေးဘူး။ မိုးလေ၀သီသတင်းကတော့ ကျွန်တော် ရင်ဘတ်ထဲက ရာသီဥတုအခြေအနေကို ပြောမပြသွားဘူး။ ပုံရိပ်တွေကို နောက်ဆုံးလက်ကျန် ကော်ဖီနဲ့ရောပြီးသောက်လိုက်မိတယ်။ “အဖြစ်အပျက်တိုင်းဟာ သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်လာရလောက်အောင် ထောင့်မများပါဘူး” လို့ကိုယ့်ကိုကိုယ်ဖြေသိမ့်မိလေရဲ့။ အနင်းခံထားရတဲ့ ကြွေပြားတွေ အေးဆက်မြဲ အေးဆက်နေဆဲ။ “ချမ်းတယ်လို့” ခြေဖ၀ါးတွေကပြောတယ်။ “ငါတို့ တစ်ကယ် လင်းပြနိုင်ဖို့ တစ်ကယ့်ညဟာ ဘယ်တော့လာမှာလဲ” လို့ ကြယ်ဘူးထဲက ကြယ်လေးတွေက တီးတိုးပြောတယ်။ မှုန်ရီေ၀၀ါးကုန်တဲ့ ပြက္ခဒိန်အဟောင်း ကိုကြည့် လက်ဝဲရစ်နာရီတလုံးကို စိတ်ကူးယဉ်တောင့်တပြီး …သိမ်းထားဓါတ်ပုံကို ပြန်ထုတ်ကြည့်မိတယ်။ ဓါတ်ပုံထဲမှာ သူရယ်၊ကျွန်တော်ရယ်၊ ရွှေရောင်ခြေင်္သေ့လေးရယ် ပြုးံနေတယ်။
"သူ" ဆိုတာ တခြားမဟုတ်။ တနင်္ဂနွေနေ့က လက်ကျန် Jack Daniels ပင်ဖြစ်ကြောင်း...