top of page

December

  • Dec 7, 2011
  • 1 min read

မင်းရဲ့ မလှမ်းမကမ်းမှာ

သစ္စာတရား ထွန်းထွန်းလင်းလို့

ကြင်နာမယ့်အကြောင်းတွေ တကူးတကမပြောမိဘူး

မှတ်မှတ်ရရ စကားလေးအဖြစ်တောင် မတုပ်နှောင်ခဲ့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ချစ်တတ်ခဲ့ပါတယ်

မင်းရဲ့အေးစက်စက်အကြည့်တွေကို ထူပွေ့ရင်းနဲ့ပေါ့

တချို့စကားတွေကို ရင်ထဲမှာပဲ နေသားတကျ နေရာချရင်း

တချို့ဝေါဟာရတွေကို ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုရင်း

ကျီစယ်ချင်ရုံသက်သက်ဆိုရင်တော့

ဘ၀တံခါးကို ထပ်မခေါက်နဲ့

မျှော်လင့်ချက်တွေ အရောင်မှိန်ကုန်မှာစိုးလို့ပါ

နင်ယူလာခဲ့တဲ့ဆောင်းကိုတော့

နင်ကိုယ်တိုင် ပြန်သိမ်းသွားခွင့်ရှိပါတယ်။

Comments


Featured Posts
Recent Posts
Search By Tags
Follow Us
  • Facebook Classic
  • Twitter Classic
  • Google Classic
  • Facebook Social Icon
©Wai Lin Ko
bottom of page