top of page

Here's an another turn...

  • Writer: Wai Lin Ko
    Wai Lin Ko
  • Feb 18, 2012
  • 1 min read

အချိန်တွေကုန်တာမြန်လွန်းတယ်။ ဒီနေ့ပဲ ၂၅ ပြည့်သွားပြီ။ ဒါပေမဲ့ ပြန်ကြည့်လိုက်တော့ အားလုံးဟာ မနေ့ကလိုလိုဖြစ်နေတုန်း။ ကျောပိုးအိပ်တစ်လုံး၊ လက်ဆွဲအိပ်တစ်လုံးနဲ့ ထွက်လာတုန်းက ဂျင်းဘောင်းဘီအိပ်ထဲမှာတော့ အိပ်မက်တွေအပြည့်ပဲ။ အခုဒီစာရေးတဲ့အချိန်ပြန်ကြည့်မိတော့လည်း ဒီအထုပ်တွေအပြင်ပိုလာတာ ထပ်တိုးလာတဲ့ အိပ်မက်တွေ။ ဒါပဲရှိတယ်။ ပလစ်စတစ်လောင်း မှန်ဘောင်သွင်းထားရအောင်လဲ ခန်းခန်းနားနားဘာမှမရှိသေးဘူးပေါ့။ လူ့ပတ်ဝန်းကျင်၊ ငြိမ်းချမ်းရေး၊ သဘာဝထိန်းသိမ်းရေး ဒါတွေကတော့ လက်လမ်းမမှီသေး။ နေ့စဉ်နေ့တိုင်း ထပ်တူကျမျှနီးပါဖြစ်နေတဲ့ ဒီလူတွေကြား၊ပတ်ဝန်းကျင်ကြားမှာ သင်ယူစရာ၊လေ့လာစရာတွေက အသစ်အသစ်တွေတွေ့နေတုန်း။ စိတ်ညစ်စရာတွေလား။ ..ရှိတာပေါ့။ အတွေ့အကြုံတွေရတယ်၊ သင်ယူလေ့လာရတယ်။ မဟုတ်ရင် ဘ၀ ဆိုတဲ့အကောင်ဟာ အင်မတန်မှ ပျင်းစရာကောင်းလိုက်မယ့်ဖြစ်ခြင်း။ ဒီလိုနဲ့ပဲ တော်တော်ဝေးဝေးတော့ ဆက်လျှောက်ရဦးမှာပေါ့။

ရှေ့လျှောက်လိပ်ပြာလုံအောင်ဝတ်မှရမယ်။ အချစ်၊ ငွေ၊ ကြော်ကြားမှုနဲ့ ရာသီဥတုက ခန့်မှန်းရခက်တယ်မလား။ အင်း...ဆံပင်တွေလဲရှည်နေပြီ။ စိတ်တွေကတော့ ပုန်းလို့ကောင်းတုန်း.......

25, sounds cool...

Don't need to care such age old

As I'm still the captain of my soul...


Recent Posts

See All
Bus-stop business

..ကဲ အားလုံးပဲ ဆင်းပြီးမှ တက်ကြပါဗျာ.... ...ယောက်လမ်း၊ ၃-လမ်း၊ ရွှေတိဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ....ဘားလမ်း၊ ဆူးလေ၊ သမ္ဗုဒ္ဓေ နှစ်ညအိပ်၊...

 
 
 
Chicken curry

၁၊ မနက်... ကျွန်တော် ဦးကျော်တို့ အိမ်ဘက်ရောက်သွားတယ်။ သူ့အိမ်မှာ ကြက်မကြီးက သားလေးတွေပေါက်ပြီးစ။ အတောင်ပံကားကားနဲ့ ကိုယ်မွှေးတွေ ဖွပြီး...

 
 
 
Adam,Eve and Pandora box

သိပ်မကြာသေးသော အနာဂတ်ရာစုနှစ်တွင်ဖြစ်သည်။ အရာရာတိုးတက်ပြောင်းလဲသွားသောခေတ်ကာလတွင် လူတွေ ကားတွေဆိုင်ကယ်တွေမမောင်းတော့။ ကျန်းမာရေးအရ...

 
 
 

Comments


Featured Posts
Recent Posts
Search By Tags
Follow Us
  • Facebook Classic
  • Twitter Classic
  • Google Classic
  • Facebook Social Icon
©Wai Lin Ko
bottom of page