Satellite navigation system - 2
Galileo


European Global Satellite Navigation System ဖြစ်ပြီး ဥရောပ နိုင်ငံများတွင် ဂြိုဟ်တုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် NAVSTAR စနစ်ကို မမှီခိုပဲ ကိုယ်ပိုင်တစ်ခု လုပ်နိုင်ရန် ရည်ရွယ်သည်။ အီတလီ အာကာသနှင့် သိပ္ပံပညာရှင် ဂယ်လီလီယို (Galileo Galilei) ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ် တွင် ဂျာမဏီ၊ ပြင်သစ်၊ အီတလီ နှင့် ယူနိုက်တက်ကင်းဒွန်း နိုင်ငံရှိ အင်ဂျင်နီယာများက စတင်စဉ်းစားခဲ့ကြပြီး ပထမအဆင့် သဘောတူညီမှုကို ၂၀၀၃ ခုနှစ် မေလ ၂၆ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၀၃ခုနှစ် စက်တင်ဘာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဂြိုဟ်တုပဲ့ထိန်းစနစ်များ တိုးတက်ရေးအတွက် ဥရောပသမဂ္ဂနှင့် ဆက်သွယ်ခဲ့ရာမှ စတင်စဉ်းစားခဲ့သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၃၀ တွင် ဥရောပသမဂ္ဂမှာ ပို့ဆောင်ရေးဝန်ကြီး ၂၇ ဦးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၃ တွင် စတင်အသုံးပြုနိုင်ရန် စီမံကိန်းချခဲ့ကြသည်။
ဤစနစ်ကို Public-Private-Partnership (PPP) ဟူ၍ သက်မှတ်ထားပြီး စနစ်ကြီး တစ်ခုလုံးအတွက် ကုန်ကျစရိတ်များကို ဂျာမဏီနိုင်ငံမှာ (၂၀.၉%)၊ ပြင်သစ်နိုင်ငံမှ (၁၇%)၊ ဗြိတိန်နိုင်ငံမှ (၁၆%)၊နှင့် အီတလီနိုင်ငံမှ (၁၅.၂%) ကျခံရန် သဘောတူခဲ့ကြသည်။ အဓိက မြေပြင်စခန်းနှစ်ခုကို ဂျာမနီနိုင်ငံ (Germany) မူးနစ်ခ်ျ မြို့ (Munich) နှင့် အီတလီနိုင်ငံ (Italy) ရိုမီ (Rome) မြို့၏အရှေ့ဖက် ၁၃၀ ကီလိုမီတာဝေးသော ဖူစီနို (Fucino)တွင် ထားရှိမည်ဖြစ်သည်။ အသုံးပြုသူများအတွက် နှစ်မျိုးနှစ်စားဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ်ထားပြီး အခမဲ့ အခြေခံဝန်ဆောင်မှု (A free, basic service) နှင့် အာမခံအတွက် အရစ်ကျငွေပေးသွင်းရသည့် ဝန်ဆောင်မှု (A premium chargeable service with additional features) ဟူ၍ ဖြစ်သည်။ ၂၀၀၀ပြည့်နှစ်က ဥရောပသမဂ္ဂနိုင်ငံများ သဘောတူညီမှု ရယူခဲ့ကြပြီး ၂၀၀၁ခုနှစ်တွင် မြေပြင်အဆောက်အုံများ၊ ဂြိုဟ်တုနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက်အုံးများကို တည်ဆောက်ရန် စတင်ခဲ့သည်။

ပတ်လမ်း ၃ ခုနှင့် ဂြိုဟ်တု အလုံး ၃၀
စုစုပေါင်းဂြိုဟ်တုအရေအတွက် ၂၇ လုံး အသုံးပြုမည်ဖြစ်သည်။ ကမ္ဘာကို ပက်လမ်း ၃ ခုဖြင့်ပက်မည်ဖြစ်ပြီး ပက်လမ်းတစ်ခုလျှင် ဂြိုဟ်တု ၁၀ လုံးစီ အကွာအဝေး တူညီစွာ လှည့်ပ်မည်ဖြစ်သည်။ ကမ္ဘာတစ်ပက်ပြည့်ရန် ၁၄ နာရီ ၂၂ မိနစ် ကြာမည်ဖြစ်သည်။ ကမ္ဘာမှာ အကွာအဝေး ၂၃၆၁၆ ကီလိုမီတာ ထိ လွှတ်တင်မည်ဖြစ်ပြီး အီကွေတာမှ ၅၆ ဒီဂရီ တိမ်းစောင်း၍ လှည့်ပက်မည်ဖြစ်သည်။ CDMA ဆက်သွယ်ရေးစနစ်ကို အသုံးပြုမည်။

အခြားသော ဂြိုလ်တုဆက်သွယ်မှုစနစ်များ
IRNSS


Beidou
Beidou ဆိုသည်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂြိုဟ်တုများ မောင်းနှင်ပဲ့ထိန်းပေးသော စနစ် (Chiness Regional Satellite Navigation System) ဖြစ်သည်။ စီမံကိန်းအရ ဂြိုဟ်တုပေါင်း ( ၃၅ ) လုံး ပါဝင်၍၊ ယခုချိန်ထိ ဂြိုဟ်တု ( ၃ ) လုံး လွှတ်တင်ခဲ့ပြီးဖြစ်သည်။ Signal ဖမ်းယူမှုအတွက် CDMA လိုင်းကို အသုံးပြုမည်ဖြစ်သည်။


DORIS
Doppler Orbitography and Radio-positioning Integrated by Satellite ဖြစ်သည်။ ပြင်သစ်နိုင်ငံ မှ တည်ထောင်ထားပြီး ဂြိုဟ်ပက် လမ်းကြောင်းများကို လေ့လာစူးစမ်းရန်နှင့် ကမ္ဘာမြေပြင်ကို နေရာတိတိကျကျ ဖော်ပြနိုင်ဖို့ ကြိုးစားရန် စီမံထားသော စနစ်တစ်ခု ဖြစ်သည်။
QZSS
The Quasi-Zenith Satellite System ဖြစ်သည်။ GPS စနစ်မှ အချိန်များကို ဂျပန်စံတော်ချိန် သို့ ပြောင်းလဲနိုင်ရေးအတွက် ဂြိုဟ်တု ( ၃ ) လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စနစ်ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ပထမဆုံး ဂြိုဟ်တု ကို လွှတ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် အားလုံးပြီးဖို့ မျှော်လင့်ထားသည်။ ဂျပန်နိုင်ငံအတွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်သည်။
အထက်ပါအကြောင်းများသည် ကျွန်တော်ဖတ်မိသလောက်ကိုသာ ရေးသားထားခြင်းသာဖြစ်သည်။ ယခုအချိန်တွင် ဒီထက်မကရှိလောက်လေပြီဖြစ်သည်။ နောက်တချိန်တွင် တိုးတက်လာသော ဂြိုလ်တစနစ်များကို ကမ္ဘာတလွှား၊ အမိမြန်မာပြည်အပါအ၀င် ကောင်းမွန်စွာအသုံးပြုနိုင်မည်ဟု မျှော့်လင့်မိပါကြောင်း။
ကိုးကား References
http/navstar-inc.com/about-us/
www.spacetoday.org/Satellites/GPS.html
en.kingofsat.net/satellites.php
GLONASS Interface Control Document Edition 5.1, 2008
Glonass - Encyclopedia Astronautica
en.wikipedia.org/wiki/Galileo_Sacecraft