top of page

Bus-stop business

  • Writer: Wai Lin Ko
    Wai Lin Ko
  • Nov 18, 2011
  • 1 min read

..ကဲ အားလုံးပဲ ဆင်းပြီးမှ တက်ကြပါဗျာ....

...ယောက်လမ်း၊ ၃-လမ်း၊ ရွှေတိဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ....ဘားလမ်း၊ ဆူးလေ၊ သမ္ဗုဒ္ဓေ နှစ်ညအိပ်၊ သုံးရက်ခရီးမဟုတ်ဘူး၊ အခုထွက်မှာ...

...အစ်ကို၊ ၃၀၂၂ သွားတာ ငါးမိနစ်ပဲ ရှိသေးတယ်။ ရှေ့မှာ ကားတွေကျပ်နေတယ်။ ဒီမှာ ခဏထိုင် လိုက်ရင် အဆင်ပြေသွားမှာ၊ ၃၄၇၀ လဲ ခုနကမှ လိမ်ဖယ်၊ လိမ်ဖယ်နဲ့ တက်သွားတာ၊ ကျွန်တော် ဂျာနယ်ခဏ တက်ရောင်း အုံးမယ်နော်...

..ခရီးသွား လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ...နိုင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသမီးကြီး သီလရှင်ဝတ်မယ် ကြော်ငြာပြီးမှ .. .. အကြောင်း စုံစုံ လင်လင် သိချင်ရင်၊ တောသား လူလည်က မြို့တက်ပြီး အကြံအဖန် လုပ်တာ ရဲကင်းနဲ့ ပက်ပင်းတိုးတဲ့ အကြောင်း …..

...အမှောင်ထဲမှာ အဖော်မပါဘဲ သွားတဲ့ ရှစ်နှစ်သား လူငယ်လေးရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်း ကတော့ .. ..

...ရှာရာဗိုဗာ ကတော့ ခွေးကိုပဲ ချစ်သတဲ့ ကမ္ဘာကြီးကတော့ ပြားသွားပြန်ပြီ...

...ငုံးဥပြုတ် တစ်ရာ တစ်ရာ တစ်ရာ...

...ဟေ့ကောင် ငုံးဥ ခဏနေအုံး...

...ခင်ဗျားဟာ ကြာတာကိုဗျာ...

...အေးပါ ပြီးတော့မယ်...

...နိုင်ငံကြီးသလောက်အကြွေးကြောင့် သမ္မတအိုဘားမား ကြေကွဲနေရတဲ့ အကြောင်း...

...ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်း၊ ရသစုံစုံ လင်လင် ဖတ်ချင်ရင် တစ်စောင်မှ နှစ်ရာ၊ ဒီနေရာမှာပဲ ရမှာ၊ ဆိုင်တွေမှာ သွားဝယ်ရင် လေး ငါး ခြောက်ရာ .. .. ဒီမှာက အပျင်းပြေဖတ်၊ အပျော်ဖတ်၊ အိုက်ရင် ယပ်ခပ်လို့ရတယ်

ဂျာနယ် ပြီးရင် ဆင်းလေကွာ...

...လူကြီးမင်းတို့ အိမ်တွေမှာ အရှေ့မြောက်ထောင့် အိမ်မြှောက်စုပ်ထိုးရင် ဘာဖြစ်မလဲ၊ တောင်ပို့မြင်တိုင်း ဖွတ်ထွက်မယ်လို့ မတွေးနဲ့၊ အမွှေးတိုင်နဲ့ သောက်ရေသာ ကပ်ပေး၊ အဲဒီအိမ် စီးပွားမတက်ရင် ကျွန်တော့်ကို လာပြော...

(သြော်...)

...မြေပဲလှော် ငါးဆယ်၊ ကြွပ်ကြွပ် ရွရွ လေး၊ မြေပဲလှော် ငါးဆယ် .. ..

...လူကြီးမင်းတို့ ညဘက်တွေအိပ်တဲ့အခါ အိပ်မက်တွေ မက်တတ်တယ်၊ ညဦးပိုင်း မက်တဲ့ အိပ်မက်၊ ညဦးပိုင်း မက်တဲ့အိပ်မက် နဲ့ အရုဏ်တက် မက်တဲ့ အိပ်မက် ရယ်လို့ သုံးစားရှိတယ်။ ဘယ်အချိန် မက်ရင် ဘာဖြစ်မယ်၊ အိပ်မက်ရဲ့ လက္ခဏာနဲ့ နိမိတ်ကို ဗေဒင်ဆရာဆီ သွားပြီး ဆန်တစ်အိတ်၊ ငွေအစိတ် ကုန်စရာ မလိုဘူး။ ကျွန်တော့်ဆီက စာအုပ်လေးသာ ၀ယ်သွား...

...စာအုပ်လေးသာ ၀ယ်သွား၊ ကိုယ်တိုင် သိနားလည်လာမယ်၊ ဟိမ၀န္တာ တောကြီးက ဆရာသခင်များ ပြုစုထားတဲ့ တောင်အတိတ်ကျွန်းမှာ အောင်နိမိတ်ထွန်းစေမယ်။ အိပ်မက် နိမိတ်ကျမ်း၊ ၀ယ်လို့မရတဲ့ ပညာကို ဒါနတရားနဲ့ ရောင်းချပေးတာ။ ငွေတစ်ရာကျပ် ထဲပဲ၊ ကွမ်းစားဆေးသောက် ကျပျောက် မသွားဘူး။ တစ်ဘ၀လုံး လက်စွဲထားရမှာ အိပ်မက်နိမိတ် ကျမ်း .. ..

...ဟောဒီက အစ်မက တစ်အုပ်တဲ့၊ ဒီအဒေါ်ကြီးကတော့ နှစ်အုပ်တဲ့၊ ပညာရဲ့ တန်ဖိုးကို အစစ် အမှန် နားလည်ကြသူတွေကတော့ ၀ယ်ကုန်ကြပြီဗျာ .. ..

...သံချေးတွေ စွန်းတာ၊ ကွမ်းတံတွေးတွေ စွန်းတာ၊ ဘာစွန်း၊ ညာစွန်း ဘာစွန်းစွန်းပေါ့ အင်္ကျီတွေ၊ အ၀တ်အစားတွေ စွန်းတာ ပေတာ စိတ်သာချ ဂြိုဟ်တု အစွန်းချွတ်ဆေး၊ ဗုံးပေါက်ရင် ဖာလို့မရဘူး၊ အိမ်ကရေပုံးတော့ ဖာဖြစ်အောင်ဖာ၊ အိုးဖာတဲ့တိပ်၊ ဒန်အိုး၊ ဒန်ခွက် ရေပုံး ဘာပဲဖာဖာ တစ်လက်မကို ငွေတစ်ရာပဲ .. ..

ဟိုအစ်ရှေ့ နည်းနည်းတိုး၊ ဟိုအစ်ကို ဘေးလေးကပ်ပေးပါ။ ဟေ့ကောင်တွေ ဆင်းတော့၊ ကားထွက်တော့မယ် ..၊ ရောင်းချင်ရင် အောက်ကသာရောင်း၊ အစ်ကိုရေ ငါးပူး ကပ်လာပြီ၊ မောင်းတော့ .. ..

ဈေးကွက်စီပွားဆိုသည့်မှာ ၈ နာရီ သတင်းမှာမှမဟုတ်။ ဘက်စ်ကားမှတ်တိုင်မှာပါ အကျုံးဝင်တာကိုးဗျ။

(ရန်ကုန်ရောက်စက ဆူးလေ မှတ်တိုင်ကို သတိရလို့.)

Comentarios


Featured Posts
Recent Posts
Search By Tags
Follow Us
  • Facebook Classic
  • Twitter Classic
  • Google Classic
  • Facebook Social Icon
©Wai Lin Ko
bottom of page