top of page

Birthday Presnets

  • Jun 18, 2011
  • 1 min read

မွေးပွရုပ် အကြီးကြီး..ပေးချင်တယ်

ကျွန်တော့်ကို သတိရရင်ဖက်ထားရအောင်...

ခေါက်ထီး အပြာနုရောင်လေး တစ်လက်ပေးချင်တယ်

နွေပူပူမှာ သူအေးမြနေအောင်လို့...

ခေါင်းစွပ် သိုးမွေးဦးထုပ်လေး ပေးချင်တယ်

ဆောင်းတွင်းမှာ သူနွေးထွေးစေဖို့...

ရေမွှေးကောင်းကောင်းလေး တစ်ဗူးပေးချင်တယ်

သူက ရေမွှေးတွေကို အစွဲအလမ်းကြီးတက်သေးတယ်

Hoddies လှလှလေးတစ်ထည်ဝယ်ပေးချင်တယ်

Hoddies တွေကိုအရမ်းကြိုက်တယ်တဲ့...

Guitar လေးတစ်လုံးပေးချင်တယ်

ဂီတာတီးရင်းသီချင်းတွေမကြာခဏဆိုတက်တဲ့ ချစ်တဲ့ သူအတွက်...

Digital camera လေးတစ်လုံးပေးချင်တယ်

ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ သူ့ အတွက်...

လက်ပတ်နာရီ ကောင်းကောင်းလေးတစ်လုံးပေးချင်တယ်

အမြဲတမ်း အေးအေးဆေးဆေးလုပ်နေတက်တဲ့ သူ့ အတွက်...

ဒါလေးလဲပေးချင်တယ်တယ်...

မျက်လုံးလေးမှိတ်ပြီး ခေါင်းလေးမော့ထားပေးနော်.. ဧဒင်ဥယျာဉ်ကိုပြမယ်

ကျွန်တော့်အတွက်တော့...

ကျွန်တော်ပေးတဲ့ လက်ဆောင်တွေရလို့

ပျော်သွားတဲ့ သူ့အပြုံးလေးကိုပဲ

လက်ဆောင်အဖြစ် ပြန်လိုချင်ပါတယ်

Comments


Featured Posts
Recent Posts
Search By Tags
Follow Us
  • Facebook Classic
  • Twitter Classic
  • Google Classic
  • Facebook Social Icon
©Wai Lin Ko
bottom of page