top of page

My 2011

ဖြစ်ကြောင်းကုန်စင်

မသေချာခြင်းသည်ပင် အသေချာဆုံးဖြစ်ကြောင် ကောင်းကင်ကြီးသိလိုက်ရသည့် ညနေခင်းမှာ...

ပြတ်တောက်နေဆဲ ၀ါယာကြိုးတစ်စသည် မြွေတစ်ကောင်ဖြစ်လာဖွယ်ရှိကြောင်း...

ရိုဟင်ဂျာသည် ရိုဟင်ဂျာဖြစ်ပြီး ရခိုင်သည် ရခိုင်သာဖြစ်ကြောင်း...

BBC အလိုအရ ရခိုင်မုန့်တီသည် ရိုဟင်ဂျာမုန့်တီ ဖြစ်ကောင်းဖြစ်နိုင်ဖွယ်ရှိကြောင်း (ကန့်ကွက်နိုင်ပါသည်)

Between India and China ကိုရေးခဲ့သည့် သိန်းဖေသည် အနာဂတ်ဝါဒီဖြစ်ကောင်းဖြစ်နိုင်ကြောင်း...

Tsunami က ဂျပန်နိုင်ငံကိုသူကြိုက်နှစ်သက်ကြောင်း...

"ရန်ကုန်မှာသာတဲ့လ" သည် ဧည့်စာရင်းမတိုင်ပဲနေထိုင်ကြောင်း...

Gaddafi နှင့် Steve Jobs စစ်တုရင်ထိုးရင်းနှင့် အခန့်မသင့်စကားများကြသဖြင့် ဒိုင်ဖြစ်သူ Bin Laden အဆုံးအဖြစ်ဖြင့် ပွဲရပ်နားလိုက်ရကြောင်း...

ည၀တ်အင်္ကျီသည် Wilkie Collins ဧ။် The Moonstone ကို သူသိကြောင်း

အိပ်စက်ခြင်းဟူသည် Greencard ပေါက်၍ တတိယကမ္ဘာသို့သွားခြင်းဖြစ်ကြောင်း..

ဒုက္ခ သည် ရိုလာကိုစတာမစီးရဲကြောင်း (ဓါးဆွဲပြီးငြင်းနိုင်သည်)...

အိပ်မပျော်သော် Formalin ညများစွာတွင် ကျွန်တော်ကြယ်ထွက်ကြည့်တက်ကြောင်း...

ဟိုကောင်မလေးကို ကျွန်တော့်ဘ၀ လက်တွဲအဖော်အဖြစ်ရည်ရွှယ်မိကြောင်း (ဒါတော့အသေအချာပဲ)...

"ပြန်ယူခဲ့ပါ...ပြန်ယူခဲ့ပါ၊ ငါ့ဆီက အဲတာတွေယူပြီး..မင်းဒိုးမသွားပါနဲ့အချစ်ကလေးရယ်"...Freddie သည် အလွန်တော်သော ဂေးတစ်ကောင်ဖြစ်ကြောင်း...

ကျွန်တော်ထံတွင် ကွန်ဒိုမီနီယံတစ်ခန်း၊ဆေးလ်ဗားကဒ်၊ မိုင်ပိုစီးနင့်ခွင့်မရှိသေးကြောင်း...

Fundamental Theory၊ တာဝေးပစ်ဒုံး၊ ဓါတုပိုးကွား၊ Quantum Physics၊ ပတ်ဝန်းကျင်ဧ။်စေ့ဆော်ပြောင်းလဲချက်များ အား ယခုချိန်ထိနားမလည်သေးကြောင်း...

အနာဂတ်ကမ္ဘာသည် Reason နှင့် Bureaucracy တို့ဧ။် စတီးလ်လှောင်အိမ်ကြီး ဖြစ်လာမည်ဟု Max Weber ကဆိုကြောင်း...

ဧရာဝတီ၊ယန်စီ၊ဗော်လကာသည် မော့စ်၊မိုးဒီ၊စိန်ရိုးဖြစ်ကြောင်း...

Globalization အရ ရေကြီးခြင်းနှင့်ငလျင်လှုပ်ခြင်းများသည် နောက်ဆုံးပေါ်ဖက်ရှင်ဖြစ်လာကြောင်း...

Human rights ဆိုသည်မှာ နောက်ဆုံးထွက်သည့် စီးကရက်အသစ်ဖြစ်ကြောင်း(၁၈နှစ်မပြည့်သေးသူများကိုမရောင်းရ)...

မျိုးချစ်စိတ်ဆိုသည်မှာ တစ်ခါသုံး ဘလိတ်ဒါးတချောင်းဖြစ်ကြောင်း...

အမှန်နှင့်အမှားကြားတွင် မည့်သည့် ပဋ္ဋိပက္ခမျှမရှိသေးကြောင်း...

Photo credit: Internet

Featured Posts
Recent Posts
Search By Tags
Follow Us
No tags yet.
  • Facebook Classic
  • Twitter Classic
  • Google Classic
bottom of page