top of page

Internet Primate - 2

၁၉၇၀-၈၀ ခုနှစ်များမှ အင်တာနက်နောက် ဆယ်စုနှစ်များဖြစ်သော ၁၉၇၀-၁၉၇၉ ကာလများအတွင်းတွင်တော့ စစ်အေးတိုက်ပွဲ၏ အငွေ့အသက်များသည်လည်း လေထဲတွင်ပျံ့လွင့်နေဆဲဖြစ်သည်။ ပြောင်းလဲလာသောခေတ်၊ အစိုးရကြားများတွင် "လူ့အခွင့်အရေး" ဆိုတော့စကားများစတင်ကြားလာရသည်။ ကမ္ဘာ့သမိုင်း စာမျက်နှာများအတွက် ၁၉၇၀ ကာလများသည် ပျင်းရိစရာအတိ။

၁၉၇၀ ခုနှစ်တွင်တော့ APRANET ကွန်ယက်သည် ယခင်ကလို ကျောင်း ၄ ကျောင်းချိတ်ဆက်ထားသော ကွန်ယက်သေးသေးလေးတော့မဟုတ်။ ကျောင်များ၊စာကြည့်တိုက်များ၊သုတေသနဓါတ်ခွဲခန်များ ပါဝင်သောကွန်ယက်ပေါင်း ၂၃ ခုကိုချိတ်ဆက်ထားသော ကွန်ပျူတာကွန်ယက် ဖြစ်လာသည်။ ရည်ရွယ်ချက်ကတော့ ကွန်ယက်အသုံးပြုသူများအချင်းချင်း သတင်းအချက်အလက်များကို ဖလှယ်ဖို့ဖြစ်သည်။ အများစုမှာ မလုပ်ခဲ့ကြ။ သို့သော် ၁၉၇၀ ခုနှစ်များအဆုံးတွင် APRANET သည် ကွန်ယက်ပေါင်း ၂၀၀ စုဖွဲ့ပါဝင်နေသော ကွန်ယက်ကြီးတစ်ခုဖြစ်လာခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ကွန်ပျူတာ ပရိုဂမ်မာတစ်ဦးဖြစ်သော Ray Tomlinson ပထမဆုံး အီးမေးလ် ဟုခေါ်ဆိုသည့် ကွန်ယက်သတင်းဆက်သွယ်မှုတစ်ခုကို အစပြုလိုက်သည်။ ယခုခေတ် အင်တာနက်သုံးတက်သူတိုင်း အီးမေးလ်၏ သင်္ကေတ "@" နှင့်ရင်းနှီးပြီးသားဖြစ်လိမ့်မည်။ ထိုသင်္ကေတကို ထိုစဉ် Ray Tomlinsonသည် အီးမေးလ်အသုံးပြုသူ၏နာမည်နှင့် အသုံးပြုသည့် ကွန်ပြုတာနာမည်ကွဲပြားစေရန်သုံးခဲ့ခြင်းဖြစ်သည်။ နောက် ငါးနှစ်အကြာ ၁၉၇၅ ခုနှစ်တွင် အီးမေးလ်တွင် ထပ်ဆင့်ပေးပို့ခြင်း(Forward) နှင့် အကြောင်းပြန်ခြင်း(Reply) များကိုပါပြုလုပ်လာနိုင်ပြီဖြစ်သည်။ အထက်ပါ လုပ်ဆောင်ချက်နှစ်ခုကို University of Southern California မှာ ပရိုဂမ်မာတစ်ဦးဖြစ်သူ John Vittal ကတီထွင်ခဲ့ခြင်းဖြစ်သည်။

၁၉၇၀ ခုနှစ်များအတွင်းတွင် အင်တာနက်ကွန်ယက်နည်းပညာသည် မှန်မှန်ပင်တိုးတက်နေခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် PC modem, ၁၉၇၈ ခုနှစ်တွင် Bulletin Board System (BBS) , ၁၉၇၉ ခုနှစ်တွင် internet-based discussion system ဖြစ်သော Usnet စသည်တို့သည် အင်တာနက်နည်းပညာ၏ အကိုင်းအခက်များအဖြစ် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင်တော့ စိတ်ဝင်စားဖွယ်တိုးတက်မှုတစ်ခု။ ယခုခေတ် အင်တာနက်အသုံးပြုသူတိုင်း အသုံးပြုနေကြသည့် emoticon။ လူအများစုသည် တီထွင်သူ Kevin MacKenzie ကို အမှတ်ပေးကြသည်။ အမှတ်တကယ်အမှတ်ပေးသင့်သူမှာ Scott Fahlman ဆိုသော ကွန်ပျုတာသိပ္ပံပညာရှင်ဖြစ်သည်။ Scott Fahlman က Kevin MacKenzie တီထွင်ခဲ့သည့် -) အစား :-) ကို သူ၏အီးမေးလ်များနောက်တွင် ထည့်သွင်းအသုံးပြုလိုက်ခြင်းဖြင့် emoticon ကို တခေတ်ဆန်းစေခဲ့ခြင်းဖြစ်သည်။

နည်းပညာတိုးတက်လာသည်နှင့်အမျှ ကွန်ယက်များသည်လည်းတိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ ကွန်ယက်များပွားများလာသည်နှင့်အမျှ အသုံပြုသူများသည်လည်း ကွန်ယက်နာမည်များမှတ်ရန် အခက်အခဲကြုံတွေလာခဲ့သည်။ Domain Name System (DNS) ပေါ်ထွက်လာခြင်းက ထိုအခက်အခဲကို ၁၉၈၄ ခုနှစ်တွင် ပြေလည်စေခဲ့သည်။ DNS ဖြင့် ကွန်ယက်များကို နံပါတ်များနှင့် မှတ်သားနေရာမှ နာမည်များအဖြစ်အလွယ်တကူမှတ်သားနိုင်ခဲ့သည်။ တကယ်တွင် အင်တာနက်ကို အများပြည်သူများစတင်အသုံးပြုခွင့်ရသည်မှာ ၁၉၈၈ ခုနှစ်တွင်မှဖြစ်သည်။ ပထမဆုံးအသုံးပြုခွင့်ရခဲ့သည့် ကုပ္မဏီမှာ အမေရိကန်နိုင်ငံမှ The Corporation for National Research။ CNR သည် Federal Networking Council ၏ခွင့်ပြုချက်နှင့် သတင်းဆက်သွယ်ရေးကုပ္မဏီတစ်ခုဖြစ်သော MCI နှင့် အပြန်အလှန်အီးမေးလ်ပေးပို့ခွင့်ရရှိခဲ့သည်။ ဤအကျိုးဆက်ကြောင့် တစ်နှစ်တည်းမှာပင် IRC(Internet Relay Chat) သည်လည်း ပေါ်ထွန်းခဲ့သည်။ IRC သည်ပထမဆုံး ယခုခေတ်အသုံးပြုနေသော real-time chat system ၏မူလပထမပင်ဖြစ်သည်။

အကောင်းများချည်းမဟုတ် ၁၉၈၈ ခုနှစ်တွင် ပထဆုံးသော အင်တာနက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ Massachusetts Institute of Technology(MIT) မှ အီလက်ထရောနစ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ Robert Tappan Morris ၏ "The Morris Worm" ဟုအမည်ရ ပရိုဂရမ်သည် ထိုစဉ်အချိန်က အင်တာနက်ကို ကြီးစွားသောအနှောင့်အယှက်ဖြစ်စေခဲ့သည်။ (Robert Tappan Morris ၏ အမှုသွားအမှုလာကို ဒီလဒ့် အတိုင်းသွားကြည့်နိုင်ပါတယ် )

၁၉၈၉ ခုနှစ်တွင် ဗြိတိသျှလူမျိုးဖြစ်သူ ရူပဗေဒပညာရှင်၊ကွန်ပျုတာသိပ္ပံရှင်၊ MIT မှပါမောက္ခတစ်ဦး ဖြစ်သောim Berners-Lee သည် World Web Web (www) အတွက် proposal စတင်ပြင်ဆင်နေခဲ့ပြီဖြစ်သည်။ (ဤနေရာတွင် www နှင့် Internet ကိုမမှားစေလို။ အင်တာနက်ဆိုသည်မှာ ကွန်ပျုတာအချင်းချင်းချိတ်ဆက်ထားသောကွန်ယက် သို့မဟုတ် ကွန်ယက်အစုအဝေးတစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားခြင်းကိုဆိုသည်။ www ဆိုသည်မှာ ၄င်းအင်တာနက်ပေါ်တွင် ပုံ၊စာ နှင့်အခြားသော mutimedia များကို ကြည့်ရှုရန် ( ၀ါ ) ဝေမျှရန်ဖြစ်သည်။ www ကို အင်တာနက်ပေါ်တွင်အသုံးပြုရန် web browser ဟုခေါ်သော ကွန်ပျုတာ application လိုအပ်သည်။ )

အင်တာပရိုင်းမိတ်( ၂ ) ကိုးကား References

Norberg, O'Neill, Transforming Computer Technology

Featured Posts
Recent Posts
Search By Tags
Follow Us
No tags yet.
  • Facebook Classic
  • Twitter Classic
  • Google Classic
bottom of page